ဝက်ဘ်ဆိုဒ် အသုံးပြုခြင်း စည်းမျဉ်းစည်းကမ်းများ

ဝက်ဘ်ဆိုဒ် အသုံးမပြုခင် ဤစည်းမျဉ်းစည်းကမ်းများကို ကျေးဇူးပြု၍ သေချာစွာ ဖတ်ပါ။ ဤ ဝက်ဘ်ဆိုဒ်ကို သတင်းအချက်အလက်ပေးရန်အတွက်သာ Yoma InnoSights က ပံ့ပိုးပေးထားသည်။ ဝက်ဘ်ဆိုဒ်ကို အသုံးပြုလျှင်သော်လည်းကောင်း၊ သို့မဟုတ် ဝက်ဘ်ဆိုဒ်မှ အကြောင်းအရာများကို ဒေါင်းလုဒ်ရယူလျှင်သော်လည်းကောင်း၊ ဤအသိပေးချက်တွင် ဖော်ပြထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် သဘောတူပါသည်။ ဤစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် သဘောမတူပါက ဝက်ဘ်ဆိုဒ်ကို အသုံးပြုခြင်း၊ ဝက်ဘ်ဆိုဒ်မှ အကြောင်းအရာများကို ဒေါင်းလုဒ်ရယူခြင်းတို့အား လုပ်ဆောင်နိုင်မည် မဟုတ်ပါ။

ကန့်သတ်လိုင်စင်

ဤသဘောတူညီချက်တွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်းများအရ Yoma InnoSights သည် ပွင့်လင်းမြင်သာသော၊ လွှဲပြောင်းခွင့်မရှိသော ကန့်သတ်မူဝါဒဖြင့် သင့်အား ဤဝက်ဘ်ဆိုဒ်နှင့် ဝက်ဘ်ဆိုဒ်ပေါ်ရှိ အချက်အလက်များကို ဝင်ရောက်ကြည့်ရှု၊ အသုံးပြုနိုင်ရန် ခွင့်ပြုထားသည်။ သင့်အနေနှင့် ဝက်ဘ်ဆိုဒ်၏ လုပ်ဆောင်မှုကို ကြားဝင်နှောက်ယှက်ခြင်း သို့မဟုတ် ကြားဝင်နှောက်ယှက်ရန် ကြိုးပမ်းခြင်းတို့ မလုပ်ဆောင်ရန် သဘောတူပါသည်။

Yoma InnoSights သည် ဤ ဝက်ဘ်ဆိုဒ် (Site) တွင်ရေးသားထားသည့် အချက်အလက်များ (Materials) ကို သင့်အား ပုဂ္ဂိုလ်ရေးဆိုင်ရာ အသုံးပြုခြင်း၊ ဒေါင်းလုဒ်ရယူခြင်းများ လုပ်ဆောင်နိုင်ရန် ခွင့်ပြုပေးထားပါသည်။ ဤအသုံးပြုခွင့်သည် အကြောင်းအရာနှင့် အကြောင်းအရာမိတ္တူများကို ခေါင်းစဉ်လွှဲပြောင်းရုံမဟုတ်ဘဲ အောက်ပါကန့်သတ်ချက်များနှင့် သက်ဆိုင်ပါသည်။ ၁) ဒေါင်းလုဒ်ရယူထားသော အချက်အလက်မိတ္တူများ၊ ထိုအချက်အလက်တွင်ပါရှိသော မူပိုင်ခွင့်နှင့် အခြားသော မူပိုင်ခွင့်ဆိုင်ရာ သတိပေးချက်များအားလုံးကို ထိန်းသိမ်းရပါမည်။ ၂) သင်သည် အချက်အလက်များကို တစ်နည်းနည်းဖြင့် အများပြည်သူထံ သို့မဟုတ် စီးပွားဖြစ် ပြုပြင်ပြောင်းလဲခြင်း၊ ထုတ်ဖော်ပြသခြင်း၊ လုပ်ဆောင်ခြင်း၊ ဖြန့်ဝေခြင်း သို့မဟုတ် အခြားသော ရည်ရွယ်ချက်များဖြင့် အသုံးပြုခွင့် မရှိပါ။ ၃)ဤအသုံးပြုမှုစည်းမျဥ်းစည်းကမ်းနှင့် တာဝန်ဝတ္တရားများကို အသိပေးပြီး၊ ၎င်းတို့လက်ခံသဘောတူမှသာ အခြားသူတစ်ဦးထံသို့ အချက်အလက်များကို လွှဲပြောင်းခွင့် ရှိသည်။ အချိန်အခါအလိုက် အပ်ဒိတ်လုပ်သည့် အခြားထပ်တိုးနိုင်သော ကန့်သတ်ချက်များကို လိုက်နာပါမည်ဟု သဘောတူပါသည်။ ဤဆိုဒ်တွင် ပါဝင်သော အကြောင်းအရာများသည် တစ်ကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့်ဥပဒေများနှင့် မူပိုင်ခွင့်ရထားပြီး ကာကွယ်ထားသည်။ ဤဝက်ဘ်ဆိုဒ်ကို အသုံးပြုရာတွင် ကမ္ဘာတစ်ဝန်းရှိ မူပိုင်ခွင့်ဥပဒေများကိုလိုက်နာပြီး အကြောင်းအရာများကို ခွင့်ပြုချက်မရှိဘဲ ကူးယူခြင်း မလုပ်ဆောင်ရန် သဘောတူပါသည်။ Yoma InnoSights ၏ ကုန်အမှတ်တံဆိပ်၊ မူပိုင်ခွင့်နှင့် ကုန်သွယ်ရေး လျှို့ဝှက်အချက်အလက်များအား အသုံးပြုဖော်ပြခွင့် မရှိပါ။

ရှင်းလင်းချက်

ဤသဘောတူညီမှုတွင် မှားယွင်းချက်များနှင့် သတ်ပုံအမှားများ ပါရှိနိုင်ပါသည်။ Yoma InnoSights သည် အချက်အလက်များ မှန်ကန်တိကျမှု သို့မဟုတ် ဆိုဒ်တွင် ဖော်ပြထားသော အကြုံပြုချက်၊ ထင်မြင်ယူဆချက်၊ ဖော်ပြချက်နှင့် အခြားသော အကြောင်းအရာများအပေါ် ယုံကြည်စိတ်ချနိုင်မှုအတွက် တာဝန်မရှိပါ။ ၎င်း အမြင်ယူဆချက်၊ အကြံပြုချက်၊ ဖော်ပြချက်နှင့် အခြား အချက်အလက်များအပေါ် မှီခိုအားထားမှုတစ်စုံတစ်ရာသည် သင်တစ်ဦးတည်း၏ ရွေးချယ်မှုအပေါ် မူတည်ကြောင်း သိပြီး ဖြစ်သည်။ Yoma InnoSights သည် ဝက်ဘ်ဆိုဒ်၏ အစိတ်အပိုင်းတစ်ခုခုတွင် အမှားအယွင်းများ သို့မဟုတ် လွဲချော်မှုများကို ပြုပြင်ရန် ဆုံးဖြတ်ချက်ပိုင်ခွင့်ရှိသည်။ Yoma InnoSights သည် ဝက်ဘ်ဆိုဒ် အကြောင်းအရာများနှင့် ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော ကုန်ပစ္စည်းများ၊ ပရိုဂရမ်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် စျေးနှုန်းများကို အချိန်မရွေး အသိပေးခြင်းမရှိဘဲ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်။ ဝက်ဘ်ဆိုဒ်နှင့် ဝက်ဘ်ဆိုဒ်ပေါ်ရှိ သတင်းအချက်အလက်များ၊ ကုန်ပစ္စည်းများ၊ ဝက်ဘ်ဆိုဒ်ပေါ်တွင် ရရှိနိုင်သော ဆော့ဖ်ဝဲများကို "မူလအတိုင်း" သဘောတူချက် သို့မဟုတ် အာမခံချက်မပါဝင်ဘဲ ဖော်ပြထားပါသည်။
ကုန်သွယ်လုပ်ငန်းဆိုင်ရာ အာမခံချက်များ၊ မူပိုင်ခွင့်ချိုးဖောက်မှု အာမခံချက်များ၊ သို့မဟုတ် အခြားသော ရည်ရွယ်ချက်များနှင့် သက်ဆိုင်သည့် အာမခံချက်များ ပါဝင်မည် မဟုတ်ပါ။

အချက်အလက်များ

ဤဝက်ဘ်ဆိုဒ်မှတစ်ဆင့် Yoma InnoSights သို့ ပေးပို့သော မည်သည့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုမဆို ဤဝက်ဘ်ဆိုဒ်နှင့် သက်ဆိုင်သော ကိုယ်ရေးကိုယ်တာမူဝါဒဖြင့် ကာကွယ်ထားသည်။ လျှို့ဝှက်သင့်သော သို့မဟုတ် ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များကို ဆိုဒ်မှ တစ်ဆင့် ပေးပို့ခြင်းများ မပြုလုပ်သင့်ပါ။ သင် (သို့) သင့်ကိုယ်စား တစ်ဦးတစ်ယောက်မှ Yoma InnoSights သို့ ပေးပို့သော အချက်အလက်များကို လျှို့ဝှက်သည့် သို့မဟုတ် ပိုင်ဆိုင်မှုဆိုင်ရာ အချက်အလက်များဟု မယူဆကြောင်း သဘောတူပါသည်။ သင့်အနေနှင့် ထိုသတင်းအချက်အလက်များကို Yoma InnoSights သို့ ပေးပို့သည်နှင့် Yoma InnoSights မှ မည်သည့်အဟန့်အတားမျှမရှိဘဲ အချက်အလက်များကို လွတ်လပ်စွာ ကူးယူ၊ မျှဝေ၊ ထုတ်ဖော်လုပ်ဆောင်နိုင်မည်ဟု သဘောတူပါသည်။ ထို့အပြင် သင်သည် အသရေဖျက်သော၊ ခြိမ်းခြောက်သော၊ မသင့်လျော်သော၊ တရားမဝင်သော သို့မဟုတ် တစ်ပါးသူ၏ ပိုင်ဆိုင်မှုဆိုင်ရာ အကြောင်းအရာများ ပါဝင်သည်ဟု ယူဆရသော အချက်အလက်များကို Yoma InnoSights ထံသို့ ပေးပို့မည် မဟုတ်ကြောင်း အာမခံပါသည်။

ပျက်စီးဆုံးရှုံးမှုကန့်သတ်ချက်များ

Yoma InnoSights နှင့် ၎င်း၏ လုပ်ငန်း‌ဌာနခွဲများသည် InnoSights ၏ ဝက်ဘ်ဆိုဒ်နှင့် အခြားသက်ဆိုင်သော ဝက်ဘ်ဆိုဒ်၏ အကြောင်းအရာများ၊ အချက်အလက်များနှင့် လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာသည့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ထူးခြားဖြစ်စဉ်သော်လည်းကောင်း၊ နောက်ဆက်တွဲသော်လည်းကောင်း၊ အခြားဆုံးရှုံးပျက်စီးမှုများ (အမြတ်အစွန်း ဆုံးရှုံးခြင်း၊ လုပ်ငန်းရပ်နားခြင်း၊ လုပ်ငန်းခွင်အချက်အလက်များ ပျက်စီးပျောက်ဆုံးခြင်း) တို့အတွက် တာဝန်မရှိပါ။

ပြောင်းလဲမှုများ

Yoma InnoSights သည် ဤသဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးအား အချိန်မရွေး ပြောင်းလဲခြင်း၊ မွမ်းမံခြင်း၊ ထပ်တိုးခြင်းနှင့် ထုတ်ပယ်ခြင်းတို့ကို ၎င်း၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်နိုင်ပါသည်။ အဆိုပါပြောင်းလဲပြင်ဆင်မှုအကြောင်း ထုတ်ပြန်ကြေညာသည်နှင့် ပြောင်းလဲမှုများသည် စတင်အသက်ဝင်မည် ဖြစ်သည်။ ဤသဘောတူညီချက်အား ပြောင်းလဲပြင်ဆင်ပြီးနောက် ဆက်လက်အသုံးပြုခြင်းသည် ဤသဘောတူညီချက် လက်ခံသည်ဟု ယူဆပါသည်။ Yoma InnoSights သည် ဝက်ဘ်ဆိုဒ်၏ အင်္ဂါရပ်များအပါအဝင် မည်သည့်ကဏ္ဍကိုမဆို အချိန်မရွေး ရပ်စဲခြင်း၊ ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်သည်။ ဆိုဒ်၏ အချို့သောအင်္ဂါရပ်များနှင့် ဝန်ဆောင်မှုများကို ကန့်သတ်နိုင်သကဲ့သို့ ဆိုဒ်၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် တစ်ခုလုံးသို့ ဝင်ရောက်ခြင်းကို အချိန်မရွေး အကြောင်းကြားခြင်းမရှိ တားမြစ်လုပ်ဆောင်နိုင်သည်။ အထက်ဖော်ပြပါ ခွင့်ပြုချက်၊ လုပ်ပိုင်ခွင့်များနှင့် လိုင်စင်ကို ရပ်စဲနိုင်ပြီး၊ ထိုကဲ့သို့ ရပ်စဲလိုက်ပါက သင်သည် အကြောင်းအရာအချက်အလက်အားလုံးကို ချက်ချင်း ဖျက်ဆီးရမည်။

Yoma InnoSights ဝက်ဘ်ဆိုဒ်မှတဆင့် အချက်အလက်တောင်းခံလိုလျှင်၊ သို့မဟုတ် မေးလ်စာရင်းသွင်းလိုလျှင် ဖြစ်စေ၊ စာရင်းမှ ပယ်ဖျက်စေလိုလျှင်ဖြစ်စေ ကျွန်ုပ်တို့အား အီးမေးလ်ပို့ပါ contact@yomainnosights.com.    

Cookies အသုံးပြုမှု

Yoma InnoSights ဝက်ဘ်ဆိုဒ်သည် Cookies ကို အသုံးပြုပြီး Cookies အသုံးပြုခြင်းနှင့်ပတ်သက်သည့် အချက်အလက်များကို ကျွန်ုပ်တို့၏ လုံခြုံရေးမူဝါဒတွင် ကြည့်ရှုနိုင်ပါသည်။