လုံခြုံရေး မူဝါဒ

Yoma InnoSights (“InnoSights” သို့မဟုတ် “ကျွန်ုပ်တို့” သို့မဟုတ် “ကျွန်ုပ်တို့၏” သို့မဟုတ် “ကျွန်ုပ်တို့အား”) နှင့် ဆက်စပ်အဖွဲ့အစည်းများသည် တယ်လီမက်တစ်စ်နှင့် IoT ဖြေရှင်းချက် ဝန်ဆောင်မှု ပေးသူများဖြစ်သည်။ Yoma InnoSights သည် သင့်ကိုယ်ရေးအချက်အလက်လုံခြုံရေးကို ကာကွယ်ပေးမည်ဟု အာမခံပါသည်။ ဤကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒသည် ကျွန်ုပ်တို့အား သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုတစ်ခုကို အသုံးပြုသောအခါ သင့်ကိုယ်ရေးအချက်အလက်နှင့် ပတ်သက်ပြီး မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို ပြောပြပေးလိမ့်မည်။
ဤကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒသည် Yoma InnoSights နှင့် ဆက်စပ်အဖွဲ့အစည်းများ ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် ဝက်ဘ်ဆိုဒ်များ (www.yomainnosights.com နှင့် ၎င်းတို့၏ ဆပ်ဒိုမိန်းများ)၊ အီးမေးလ်များ (contact@yomainnosights.com)၊ အော့ဖ်လိုင်းနှင့် အွန်လိုင်းအစီအစဥ်များ၊ ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများ အပါအဝင် ဆက်စပ် အက်ပ်များ (“App”) (ဝန်ဆောင်မှုများ) တွင် အကျုံးဝင်သည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို ဝင်ရောက်အသုံးပြုသည်နှင့် သင်သည် ဤကိုယ်ရေးအချက်အလက်လုံခြုံရေးမူဝါဒတွင် ဖော်ပြထားသည့်အတိုင်း သင့်အချက်အလက်များကို စုဆောင်းခြင်း၊ သိမ်းဆည်းခြင်း၊ အသုံးပြုခြင်းနှင့် ဖော်ပြခြင်း လုပ်ငန်းစဉ်များကို ဖတ်ရှုနားလည်ပြီး သဘောတူကြောင်း သတ်မှတ်ပါသည်။
ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးလုံခြုံမှုကို အလေးအနက်ထားပြီး သင်၏အချက်အလက်အားလုံးကို သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းများနှင့် အညီ စုဆောင်းသိမ်းဆည်းပြီး အသုံးပြုမည်ဖြစ်သည်။

ကိုယ်ရေးအချက်အလက်များ

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များကို အမျိုးမျိုးသော နည်းလမ်းများဖြင့် စုဆောင်းထားပါသည်။တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် အပြန်အလှန် ဆက်သွယ်နေစဉ် ကိုယ်ရေးအချက်အလက်များကို အလိုအလျောက် စုဆောင်းပြီး၊ အချို့အခါတွင် ကျွန်ုပ်တို့သည် သင့်ထံမှ တိုက်ရိုက်တောင်းခံ စုဆောင်းပါသည်။

တိုက်ရိုက်ပေးပို့သည့် အချက်အလက်များ

  • ရှေ့ဆုံး နှင့် နောက်ဆုံးအမည်
  • လုပ်ငန်းအဖွဲ့အစည်း အမည်
  • ကုမ္ပဏီဘဏ္ဍာရေးအချက်အလက် ၊ ငွေပေးချေမှု မှတ်တမ်း
  • လုပ်ငန်းရာထူး
  • လုပ်ငန်းအထောက်အထား (အချို့သော ရည်ရွယ်ချက်များအတွက်သာ)
  • မွေးဖွားသည့် ခုနှစ်
  • ကျား၊မ ဖော်ပြချက်
  • အီးမေးလ်လိပ်စာ
  • ဖုန်းနံပါတ်
  • စကားဝှက်
  • နေရပ်လိပ်စာ အထောက်အထား

အလိုအလျောက် စုဆောင်းသည့် အချက်အလက်များ

တည်နေရာအချက်အလက်

  • IP လိပ်စာ
  • အချိန်

ကိရိယာအချက်အလက်

  • အမျိုးအစား
  • သီးသန့်ကိရိယာ ခွဲခြားသတ်မှတ်ချက်
  • လည်ပတ်မှုစနစ်နှင့် ဗားရှင်း အချက်အလက်
  • မိုဘိုင်းအော်ပရေတာနှင့် ကွန်ရက်အချက်အလက်
  • သိုလှောင်မှု အချက်အလက်
  • စက်၏ ဗားရှင်း

ဝန်ဆောင်မှုအသုံးပြုခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ

  • အသုံးပြုမှုအကြိမ်အရေအတွက်
  • ဝင်ရောက်အသုံးပြုသည့် ဝန်ဆောင်မှုများ
  • ဝန်ဆောင်မှုအင်္ဂါရပ်များကို အသုံးပြုခြင်း

ကိုယ်ရေးအချက်အလက်များ စီမံစုဆောင်းရသည့် ရည်ရွယ်ချက်

ကုမ္ပဏီအနေနှင့် ကိုယ်ရေးအချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။

  • ဝန်ဆောင်မှုအသုံးပြုမှုကို စောင့်ကြည့်စစ်ဆေးခြင်းအပါအဝင် ဝန်ဆောင်မှုများကို ထိန်းသိမ်းထောက်ပံ့ပေးရန်
  • သင့်အကောင့်အား စီမံခန့်ခွဲရန်- မှတ်ပုံတင်ခြင်းကို စီမံခန့်ခွဲရန်။ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက် မှတ်ပုံတင်ထားသောအသုံးပြုသူအနေနှင့် ရရှိနိုင်သော ဝန်ဆောင်မှုကဏ္ဍမျိုးစုံကို ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သည်။
  • ဝယ်ယူထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်မျိုးမျိုးအတွက် ကတိပြုထားသော သဘောတူညီချက် သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုပြီး ထားရှိသော သဘောတူညီမှုတို့တွင် ပိုမိုအဆင်ပြေအလုပ်တွင်စေရန်
  • ဝယ်ယူဖူးသော သို့မဟုတ် စုံစမ်းမေးမြန်းဖူးသော ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများအတွက် အထူးကမ်းလှမ်းချက်များ ပေးစွမ်းနိုင်ရန်
  • ကျွန်ုပ်တို့၏ဝန်ဆောင်မှုများ၊ ထုတ်ကုန်များ သို့မဟုတ် လုံခြုံရေးအပြောင်းအလဲများ နှင့် ဆက်စပ်သည့် အကြောင်းအရာများကို အီးမေးလ်ပို့ရန်၊ ဖုန်းခေါ်ဆိုရန် သို့မဟုတ် မိုဘိုင်းအက်ပ်မှ တစ်ဆင့် အသိပေးရန် သို့မဟုတ် အခြားအီလက်ထရွန်နစ်နည်းလမ်းများမှ တစ်ဆင့် အသိပေးအကြောင်းကြားရန်
  • ကျွန်ုပ်တို့ လက်ခံရရှိသော တောင်းဆိုချက်များကို စီမံဆောင်ရွက်ရန်
  • အခြားသော ရည်ရွယ်ချက်များ - ကျွန်ုပ်တို့သည် ဒေတာခွဲခြမ်းစိတ်ဖြာခြင်း၊ အသုံးပြုမှုရေစီးကြောင်း ခွဲခြားသတ်မှတ်ခြင်း၊ ပရိုမိုးရှင်းကမ်ပိန်းများ ထိရောက်မှုကို ဆုံးဖြတ်ခြင်းနှင့် ဝန်ဆောင်မှုများ၊ ထုတ်ကုန်များ၊ စျေးကွက်ချဲ့ထွင်ခြင်းနှင့် အတွေ့အကြုံများကို အကဲဖြတ်ရန်နှင့် တိုးတက်ကောင်းမွန်စေရန်အတွက် သင့်အချက်အလက်များကို အသုံးပြုနိုင်ပါသည်။

အသုံးပြုသည့် ဝန်ဆောင်မှုအပေါ်မူတည်၍ အောက်ဖော်ပြပါ တစ်ခုနှင့် တစ်ခုထက်ပိုသော အခြေခံအချက်များအရ သင်တို့၏အချက်အလက်များကို စီမံပါသည်။

  • သဘောတူညီချက်- ဥပမာအားဖြင့် သင်၏ကိုယ်ရေးကိုယ်တာဒေတာကို ကျွန်ုပ်တို့အား စီမံရန် သဘောတူကြောင်း စာရင်းသွင်းထားရပါမည်။
  • တရားဝင်အကျိုးအမြတ် - ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုရာတွင် အကျိုးစီးပွားအရ သင်၏ ကိုယ်ပိုင်အချက်အလက်များကို အသုံးပြုစီမံနိုင်ပါသည်။
  • သ‌ဘောတူညီချက်ပါ စည်းမျဉ်းများနှင့်အညီ ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
  • တရားဝင် ဝတ္တရားများ - တည်ဆဲဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာရန် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်အချို့ကို စီမံဆောင်ရွက်ရန် ကျွန်ုပ်တို့တွင် တာဝန်ရှိပါသည်။

ကိုယ်ရေးအချက်အလက်များကို ဘယ်မျှကြာကြာသိမ်းဆည်းထားမည်နည်း

ကျွန်ုပ်တို့အနေနှင့် သင့်အား ဝန်ဆောင်မှုပေးရန်နှင့် ကိုယ်ရေးအချက်အလက် လုံခြုံရေးမူဝါဒပါ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် လိုအပ်နေသည့် အချိန်အထိသာ အချက်အလက်များကို သိမ်းဆည်းထားမည် ဖြစ်သည်။ သင်၏ အချက်အလက်များနှင့် တရားဝင် စည်းမျဉ်းစည်းကမ်းများ လိုက်နာစောင့်ထိန်းရန် မလိုအပ်တော့သည့်အခါ ကျွန်ုပ်တို့၏ Yoma InnoSights စနစ်မှ သင်၏ ကိုယ်ပိုင်အချက်အလက်များကို ဖယ်ရှားပေးမည်ဖြစ်သည်။

ကိုယ်ရေးကိုယ်တာအခွင့်အရေးများ

  • Yoma InnoSights မှ ထိန်းသိမ်းထားသော သင်၏ ကိုယ်ရေးအချက်အလက်များကို သင့်အနေဖြင့် ဖတ်ရှုခွင့်ရှိပါသည်။ ကျွန်ုပ်တို့မှလည်း သင့်ကိုယ်ရေးအချက်အလက်များကို တောင်းခံခွင့်ရှိပါသည်။
  • သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဝင်ရောက်ကြည့်ရှုခွင့်ရှိပြီး ဖွဲ့စည်းထားသော၊ အသုံးများသော၊ စက်ဖြင့်စစ်ဆေးဖတ်နိုင်သော ပုံစံဖော်မတ်တစ်ခုအပါအဝင် ၎င်း၏မိတ္တူကို လက်ခံသိမ်းဆည်းပိုင်ခွင့်ရှိသည်။
  • ကျွန်ုပ်တို့ စီမံထိန်းသိမ်းထားသော သင့်အချက်အလက်များထဲတွင် မတိကျသည်များ၊ မပြည့်စုံသည်များ ရှိပါက ကျွန်ုပ်တို့အား ဆက်သွယ်၍ ဖြည့်စွက်ပြင်ဆင်ပေးရန် တောင်းဆိုပိုင်ခွင့်ရှိသည်။
  • လုပ်ငန်းစဉ်အတွင်း တရားဥပဒေနှင့်မညီညွတ်သည်ဟု ယူဆထင်မြင်ပါက သင်၏ ကိုယ်ရေးအချက်အလက်များကို ပယ်ဖျက်ပေးရန် တောင်းဆိုပိုင်ခွင့်ရှိသည်။ အချို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များ ပယ်ဖျက်ခြင်းသည် ယခင်ဒေတာများနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုအချို့၏ အင်္ဂါရပ်များကို အသုံးပြုရာတွင် သက်ရောက်မှုရှိနိုင်သည်ကို သတိပြုရပါမည်။
  • သင်၏ ကိုယ်ရေးအချက်အလက်များ စီမံမှုအပိုင်းတွင် သင်သည် တားမြစ်ဟန့်တားပိုင်ခွင့် ရှိသည်။
  • Yoma InnoSights အား သီးခြားရည်ရွယ်ချက်များအတွက် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အသုံးပြုသည့်အပေါ် ကန့်ကွက်ပိုင်ခွင့်ရှိသည်။ အချို့သော အခြေအနေတွင် သင့်အနေနှင့် အချက်အလက်အသုံးပြုမှုအား ဟန့်တားနိုင်မည် မဟုတ်ပါ။ ထိုသို့မလုပ်ဆောင်နိုင်သည့် အနေအထားတွင် Yoma InnoSights မှ အကြောင်းအရင်းကို ရှင်းပြမည် ဖြစ်သည်။
  • သင့်အနေနှင့် ကိုယ်ရေးအချက်အလက် အသုံးပြုမှုအပေါ် ခွင့်ပြုချက်အား အချိန်မရွေး ပြန်လည်ရုပ်သိမ်းပိုင်ခွင့် ရှိသည်။ ထိုကဲ့သို့ ရုပ်သိမ်းလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်အကြောင်းကြားပေးရန် လိုအပ်ပါသည်။

သင့်ကိုယ်ရေးကိုယ်တာဒေတာကာကွယ်မှုနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက ကျွန်ုပ်တို့ထံ contact@yomainnosights.com  မှ တစ်ဆင့် ဆက်သွယ်နိုင်ပါသည်။ သင်၏ လိုအပ်ချက်များကို အ‌ကောင်းဆုံး ဖြည့်ဆည်းပေးသွားပါမည်

ကိုယ်‌ရေးကိုယ်တာ အချက်အလက်များကို မည်သူ့ထံ မျှဝေမည်နည်း

ဤသဘောတူညီချက်တွင် ဆွေးနွေးထားသော အသေးစိတ်အခြေအနေများအပြင် ကျွန်ုပ်တို့အနေနှင့် အောက်ပါအခြေအနေများတွင်လည်း ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေနိုင်ပါသည်။

  • ကျွန်ုပ်တို့နှင့် ပူးတွဲဆက်စပ်သော လုပ်ငန်းအဖွဲ့အစည်းများထံသို့ အချက်အလက်များကို မျှဝေနိုင်ပါသည်။
  • သဘောတူညီချက်တွင် မပါရှိသည့် ဆက်စပ်မဟုတ်သော တတိယအုပ်စုဟု ဆိုရမည့် အဖွဲ့အစည်းများထံသို့ သင်၏ အချက်အလက်များကို မျှဝေရန် သင့်ထံ သဘောတူညီမှု တောင်းဆိုနိုင်ပါသည်။
  • ဆင့်ခေါ်စာ သို့မဟုတ် ဝရမ်း သို့မဟုတ် တရားရုံးအမိန့်စာ သို့မဟုတ် တရားရေးလုပ်ငန်းစဉ်တစ်ခုခုနှင့် ဆက်စပ်၍ သို့မဟုတ် သက်ဆိုင်ရာဥပဒေများကို လိုက်နာရန် ကျွန်ုပ်တို့သည် သင်၏အချက်အလက်များကို သဘောတူချက်မပါဘဲ ထုတ်ဖော်နိုင်ပါသည်။
  • ကျွန်ုပ်တို့သည် မိမိတို့၏ အခွင့်အရေးများကို ထုတ်ဖော်ရန် သို့မဟုတ် ကျင့်သုံးရန်၊ တရားမဝင်သော လုပ်ငန်းဆောင်တာများ၊ လိမ်လည်သည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ်များ၊ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ပိုင်ဆိုင်မှုအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ သို့မဟုတ် ကျွန်ုပ်တို့၏ မူဝါဒများအား ဖောက်ဖျက်သည့် အခြေအနေများမှ စုံစမ်းရန်၊ ကာကွယ်ရန် သို့မဟုတ် လိုအပ်သည့် အရေးယူမှုများဆောင်ရွက်ရန် သို့မဟုတ် သင်၏ တောင်းဆိုချက်များကို လိုက်လျောနိုင်ရန် ကိုယ်ရေးအချက်အလက်များကို မျှဝေနိုင်ပါသည်။
  • ကျွန်ုပ်တို့အနေနှင့် သင်၏ အချက်အလက်များကို ဝန်ဆောင်မှုပေးသူထံ မျှဝေထားမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုပေးသူများသည် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်အား စီမံခန့်ခွဲရန်၊ အီးမေးလ် မှတစ်ဆင့် ဆက်သွယ်လုပ်‌ဆောင်ရန်၊ စစ်တမ်းများပြုလုပ်ရန်၊ နည်းပညာပံ့ပိုးမှု ပေးရန်၊ မသမာမှုများမှ စိစစ်ရန်၊ ငွေပေးချေမှုများ လုပ်ဆောင်ရန်နှင့် မှာယူမှုကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ကူညီပေးမည် ဖြစ်၍ ၎င်းတို့အား သင်၏အချက်အလက်များကို ဖတ်ရှုနိုင်ရန် မျှဝေထားမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပေးသူများသည် အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းကိုင်တွယ်ရန်၊ အခြားအဖွဲ့အစည်းများထံသို့ ပေါက်ကြားမှုမရှိစေရန် ကျွန်ုပ်တို့ချမှတ်ထားသော လုံခြုံရေးဆိုင်ရာ မူဝါဒ စည်းမျဉ်းများအတိုင်း ဆောင်ရွက်မည် ဖြစ်သည်။
  • ဤလုံခြုံရေးမူဝါဒတွင် ဖော်ပြထားသည်မှတစ်ပါး ကျွန်ုပ်တို့သည် သင့်ခွင့်ပြုချက်မပါရှိဘဲ သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပအဖွဲ့အစည်းများထံသို့ ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် အခြားရည်ရွယ်ချက်ဖြင့် မျှဝေခြင်းတို့ ဆောင်ရွက်မည် မဟုတ်ပါ။

 

အလိုအလျောက် ဆုံးဖြတ်ချက်များ

သင်၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ရရှိရန် ကိုယ်ရေးကိုယ်တာဒေတာများ အသုံးပြုခြင်း သို့မဟုတ် အလိုအလျောက်ဆုံးဖြတ်ချက် ချမှတ်ခြင်းတို့ လုပ်ဆောင်မည် မဟုတ်ပါ။

သင့်ကိုယ်ရေးအချက်အလက်များကို မည်သို့ ကာကွယ်ထားသနည်း

အော်ဒါမှာယူခြင်း သို့မဟုတ် ကိုယ်ရေးအချက်အလက်များ ထုတ်ဖော်ခြင်းတို့တွင် အချက်အလက်များ လုံခြုံမှု ရှိစေရန် အဖွဲ့အစည်းဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ ဉပ‌ဒေဆိုင်ရာ လုံခြုံရေးမူဝါဒများဖြင့် တင်းကြပ်စွာ ထိန်းသိမ်းကာကွယ်ထားပါသည်။ ကျွန်ုပ်တို့ ဝန်ထမ်းများတွင် ကိုယ်ရေးအချက်အလက်များအား ဝင်ရောက်စိစစ်နိုင်ရန် အဆင့်သတ်မှတ်ချက်များ ရှိပြီး အချက်အလက်များအား စီမံစောင့်ကြည့်ခွင့် ရှိသူများကသာ ဝန်ဆောင်မှု လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ကန့်သတ်ချက်များ လုပ်ဆောင်မည် ဖြစ်ပါသည်။ ၎င်းတို့အား လုံခြုံသည့် ဆာဗာမှသာ စီမံစေပြီး သင့်အကောင့်လုံခြုံရေးအတွက်လည်း စကားဝှက်နှင့် ကာကွယ်ထားပါသည်။ သင့်လျော်သောစကားဝှက်ဖြင့် ရွေးချယ်ကာကွယ်ပြီး သင့်အကောင့်နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခြင်းကို တားဆီးထားရမည်ဖြစ်သည်။ အကောင့်ကို ဝင်ရောက်အသုံးပြုပြီးနောက်တွင် ကွန်ပျူတာ သို့မဟုတ် အခြားစက်ပစ္စည်းနှင့် ဘရောက်ဆာများမှ ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ထားရပါမည်။ သို့ရာတွင် ကျွန်ုပ်တို့၏ လုံခြုံရေးဝန်ဆောင်မှုတွင် တစ်စုံတစ်ရာ ချိုးဖောက်ဝင်ရောက်မှု ရှိလာပါက သင်၏အချက်အလက်များအား ဝင်ရောက်နိုင်သည့်၊ ထုတ်ဖော်နိုင်သည့်၊ ပြောင်းလဲနိုင်သည့်၊ ဖျက်ဆီးနိုင်သည့် အလားအလာရှိနိုင်ပြီး ထိုအခြေအနေများတွင် Yoma InnoSights သို့ ပေးပို့ထားသည့် အချက်အလက်များအတွက် လုံခြုံမှုအာမခံချက် ပေးနိုင်မည် မဟုတ်ပါ။

ဆက်သွယ်စုံစမ်းရန်

သင့်အချက်အလက် လုံခြုံမှုနှင့် စပ်လျဉ်း၍ တစ်စုံတစ်ရာ သိလိုပါက အောက်ဖော်ပြပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

အီးမေးလ် - contact@yomainnosights.com

လိပ်စာ - The Campus, 1 Office Park, Rain Tree Drive, Pun Hlaing Estate, Hlaing Tharyar Township, Yangon, 11401, Myanmar